တတ်ချင်လျှင် သင်၊ တော်ချင်လျှင် လေ့ကျင၊့် မမှားချင်လျှင် ပြန်စစ်၊ အောင်မြင်ချင်လျှင် ဝီရိယထား။

ဗုဒ္ဓပုံရိပ်လွှာများ

Tuesday 28 June 2011

(လူသားတိုင်းအတွက် ဓမ္မသည် မြေပုံ)

စာရေးသူအနေဖြင့် စာပေကို ခင်သူမိတ်ဆွေတွေအားလုံးကို အသိဥာဏ်တိုးစေရန်
အုပ်တစ်ချပ် သဲတစ်ပွင့် အနေဖြင့် မိမိသိရှိသလောက်ကလေးတွေကို တင်ပြလိုသော
ရည်ရွယ်ချက်သာဖြစ်ပါသည်။ စာပေသည် လူသားတိုင်းတွက် ဘ၀ကို
ပုံဖော်ပေးနိုင်သည့် ဘ၀အလင်းရောင်ဖြစ်သည်။ စာပေကို ဖတ်ခြင်းအားဖြင့်လည်း
ဘ၀တိုးတက်မှု၊အောင်မြင်မှုတွေအတွက် လမ်းပြပေးနိုင်၏။ ဘ၀လမ်းမှန်ကို
ရောက်အောင် စာပေက တွန်းအားတွေပေးနိုင်၏။

(ဘ၀သည် လမ်းဆုံလမ်းခွ အလွန်ပေါသည့် ခရီးဖြစ်၏။ လက်ထဲတွင် မြေပုံမပါသော်
လမ်းပျောက်မည် မုချ။ ယခုသင်နှင့်အတူ ယူသွားရန် မြေပုံကိုပါးလိုက်ပါ၏။ ယင်းမြေပုံသည်
ဓမ္မမြေပုံကသာ သင့်အခက်ခဲတွေကို အကူအညီပေးပါလိမ့်မည်။ သိုဖြစ်သောကြောင့် သွားလေရာရာသို့
ဓမ္မမြေပုံကို ယူသွားဖို့ မမေ့စေချင်။


Life is a journey with many junctions. Without a map in your hand ,
you will surely lose your ways. Here is a map for you to carry with you.
this will help you whenever you are in trouble .
And so, don't forget to have it wherever you go.

ဓမ္မသည် ရေနှင့်သဘောခြင်း အလွန်နီးစပ်၏။ ရေကို လူတွေအားလုံး
နေ့စဉ်သောက်သုံးနေသည်။ရေကို သုံးစွဲသည့်အခါ

(က) Person (ပုဂ္ဂိုလ်မရွေး)
လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အချောအလှမရွေး၊ ဆင်းရဲချမ်းသာမရွေး၊
အယုတ် အလတ်အမြတ်မရွေး ပုဂ္ဂိုလ်တိုင်း သုံးစွဲနိုင်သည်။

(ခ) Place - (နေရာမရွေး)
နိုင်ငံတွေ၊ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ မရွေးဘဲသုံးစွဲနိုင်ကြသည်။

(ဂ) Time- (အချိန်မရွေး)
နံနက်၊ နေ့လယ်၊ ည(သို့)နေ့၊ ရက်၊ လ၊ နှစ် အချိန်မရွေးဘဲ သုံးစွဲနိုင်သည်။

သုံးစွဲသူတိုင်းအတွက်လည်း ...
(၁) ရေငတ်ကို ပြေစေသည်။
(၂) အသက်ကို ဆက်လက်ရှင်သန် ကြီးထွားစေသည်။
(၃) ကိုယ်စိတ်နှစ်ပါးကို သန့်ရှင်းပြီး ကြည်လင်စေသည်။
(၄) ကိုယ်စိတ်နှစ်ပါးကို အေးမြစေသည်။
ထိုအချက်တို့မှာ ရေ၏ပင်ကိုယ်သတ္တိပင်ဖြစ်သည်။ ရေကဲ့သို့ပင် ဓမ္မသည်လည်း
မည်သည့်ပုဂ္ဂိုလ်အတွက်မဆို၊ မည်သည့်နေရာမဆို၊ မည်သည့်အချိန် မှာမဆို
ကျင့်သုံးနိုင်ပါသည်။

ကျင့်သုံးသည့် ပုဂ္ဂိုလ်တိုင်းတွင်လည်း ရေမှရသည့်အကျိုးအမြတ်ကဲ့သို့ -
(၁) ကာမရာဂတွင် အာသာငမ်းငမ်း တပ်မက်မှုကို ပြေစေနိုင်သည်။
(၂) ကုသိုလ်ကောင်းမှုများကို တိုးတက်ကြီးပွားစေပြီးဆက်လက်၍လည်း
ရှင်သန်ကြီးထွားစေသည်။
(၃) ၀ိသုဒ္ဓိဖြစ်ပြီး ကြည်လင်သန့်ရှင်းစေသည်။
(၄) ကိုယ်စိတ်နှစ်ပါး အေးမြစေသည့်အပြင် ငြိမ်းချမ်းမှုရပြီး အဆုံးမှာ
နိဗ္ဗာန်တိုင်အောင် မျက်မှောက် ပြုနိုင်သည်။

သို့သော် ရေနှင့်ဓမ္မ ကွာခြားမှုတစ်ခုမှာ ရေသည် ယခု လောကီဘ၀တစ်ခုအတွက်သာလျှင်၊
တစ်နေ့ တစ်ဘ၀အတွက်သာ အကျိုးပြုပေးပြီး၊ ဓမ္မမှာ လောကီအကျိုးသာမက၊ လောကုတ္တရာ၊
တစ်သံသရာလုံးအတွက် အကျိုးပြုမှုများပေးပြီး အဆုံးမှာ မြတ်နိဗ္ဗာန်တိုင်အငြိမ်းဓာတ်ကို
မျက်မှောက်ပြုနိုင်သည့် ထူးခြားချက်ပင် ဖြစ်ပါသည်။



အထူးသတိပြုရမည့်အချက်မှာ ရေသည် သုံးစွဲသူတို့၏ ရည်ရွယ်ချက်၊
ပြုပြင်စီရင်ပေးမှုအပေါ် မူတည်ပြီး အခါးဓာတ်နှင့် ရေ ကို ရောလျှင်
အခါးရည်ဖြစ်သကဲ့သို့၊ အချိုဓာတ်နှင့် ရေ ကိုရောလျှင် အချိုရည် ဖြစ်သွားကာ
အရက်ဓာတ်နှင့် ရေကိုရောလျှင် အရက်ရည် ဖြစ်သွားသည်။ ထိုသို့
ပြောင်းလဲသွားရခြင်းက ရေ၏ပင်ကိုယ်သတ္တိမရှိခြင်းကြောင့်မဟုတ်ဘဲသုံးစွဲသူတို့၏
ပြုပြင်စီရင်မှု ပယောဂကြောင့်သာလျှင် ဖြစ်ကြောင်း သိသာလှသည်။ ဓမ္မသည်လည်း
ထိုနည်းအတိုင်းပင် -
ဓမ္မကိုကျင့်သုံးသူတို့၏ အားနည်းချက်၊ နားလည်မှုလွဲမှားခြင်းနှင့် အချို့သော
ခုတုံးလုပ်သည့် ပုဂ္ဂိုလ်တို့၏ မတရားလွန်ကျူးသော တစ်ကိုယ်ကောင်း ဆန်မှုများနှင့်
မိမိအကျိုးအတွက် လွန်ကဲစွာသုံးစွဲမှု၊ မရိုးသားမှုများကြောင့်ဓမ္မ၏ပင်ကိုယ်သတ္တိများမှာ
ဖုံးကွယ်ထားမှုခံရပြီး၊ ဓမ္မ၏ဂုဏ်ကျေးဇူးတော်တို့သည်လည်း မထင်ရှား၊
မပေါ်လွင်ဘဲနှင့် ဖုံးကွယ်ထားခြင်း ခံနေရသည်ကို တွေ့ရသည်။

ထို့ကြောင့် ယနေ့ခေတ်မှာ ကမ္ဘာပေါ်ရှိ လူသားတော်တော်များများတို့သည် ဓမ္မကို
မိမိတို့နှင့် မဆိုင်သလို မြင်လာကြပြီး၊ ဓမ္မ၏ မြင့်မြတ်လှသောအကျင့်ြ့မတ်တရားများကို
ကျင့်သုံးမြတ်နိုးသူများ ရှားပါးလာခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဓမ္မနှင့်ပတ်သက်ပြီး
ဦးဆောင်နေသည့် ပုဂ္ဂိုလ်အချို့၏ အားနည်းချက်များ၊ ပယောဂများကြောင့်သာဖြစ်သည်ကို
သတိပြုစေချင်ပါသည်။ အမှန်တကယ်တွင် ဓမ္မ အစစ်၏တန်ဖိုး၊ ဓမ္မအစစ်၏ပင်ကိုယ်သတ္တိ
များမှာ မည်သည့် ပုဂ္ဂိုလ်အတွက်မဆိုမည်သည့်နေရာတွင်မဆိုမည်သည့်အချိန်တွင်မဆို
သုံးစွဲနိုင်ပြီး အထက်ပါ အကျိုးတရားလေပါးကို ရရှိစေသည့် အတွက်-

(၁) ဓမ္မ သည် သစ္စ၀ါဒ ဖြစ်သည်။ သစ္စ၀ါဒ ဆိုသည်မှာ စကြ၀ဠာ အနန္တထာဝရ မှန်ကန်သည့်
အမှန်တရား (Universal Law, Universal Truth, Noble Truth) ဖြစ်သည်။

(၂) ဓမ္မ သည် ၀ိဘဇ္ဇ၀ါဒ ဖြစ်သည်။ မည်သည့်ချုပ်ကိုင်မှု၊ လွှမ်းမိုးမှုမှမပါဘဲ
မိမိကိုယ်တိုင် လွတ်လပ်စွာ လေ့လာနိုင်သည်။ ဝေဖန်နိုင်သည်။ ဆုံးဖြတ်နိုင်သည်။
မည်သည့်အချိန်မဆို ကျင့်သုံးနိုင်သည့်ဝါဒ ဖြစ်သည်။

(၃) ဓမ္မ သည် သိပ္ပံနည်းကျလှသော ၀ါဒ ဖြစ်သည်။
A. Practical System (လက်တွေ့ပြည့်စုံသောစနစ်)
B. Ethical System (ကိုယ်ကျင့်တရားပြည်စုံသောစနစ်)
C. Spiritual System(စိတ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
D. Philosophical System (အတွေးအခေါ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)

(၄) ဓမ္မ ကို ကျင့်သုံးလျှင် အကောင်းနှင့်အဆိုးကို တိကျသေချာစွာဖြင့် ခွဲခြားပိုင်းခြားပြီး
သိမြင်နိုင်ပါသည်။ သို့ဖြစ်သောကြောင့် ခရီးသွားတို့အတွက် လိုရာခရီးပန်းတိုင်ရောက်အောင် မြေပုံသည် လမ်းပြသူဖြစ်သလို
ဓမ္မသည်လည်း လူသားတိုင်းအတွက် အမှားအမှန်၊ အကောင်းအဆိုးတို့ကို သိဘို့ရန် လမ်းပြသူပင်တည်း။

ထို့ကြောင့် ဓမ္မကို လူတစ်ယောက် ရေစာသည့်အခါ ရေသောက်သလို သောက်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း.................
ဓမ္မပန်းကို ထာဝရ ဆင်မြန်းနိုင်ကြပါစေ...........................................

(တက္ကသိုလ်စာသင်သား)

No comments:

Post a Comment